လေးဘက်သွားခြင်းအဆင

လေးဘက်သွားခြင်းအဆင

သေးပေါက် ထားတယ်လို့ သိနေ တာတောင် ပတ်ပြေး
နေသည်!

လှုပ်ရှားလို့ ပင်ပန်းပြီး ကောင်းကောင်း အိပ်ပျော် လာမည်။

ကြီးထွားလာခြင်း အကြမ်းဖျဉ်းဆိုဒ် ကိုယ်အလေးချိန် :7~12 kg

လက်မောင်း

ကလေးသည် ပိုမို သန်မာ လာပြီး အမြဲတမ်း ခေါင်းငုံ့ ထားတာ ကနေ ခေါင်းမော့ လာနိုင်၍ လက်နှင့် ခြေထောက်

ကိုသုံးပြီး အရှေ့ကို ရွေ့လာသည့် ကလေးနှင့် လေးဘက် သွားလာ နိုင်သည့် ကလေးလည်း ရှိသည်။ ထိုင်ရက် သားနှင့် ခြေထောက်ကို လှုပ်ရှားပြီး ရှေ့တိုးသည့်

ကလေးလည်း ရှိ၏။ တဖြေး ဖြေးနှင့် အရှိန် မြင့်လာ၍ လေးဘက် သွားသည့် စွမ်းရည်ကို သုံးပြီ အမြင့်တွေ လှေကား တွေကို တက်ဖို့ ကြိုးစား လာသောကြောင့် သတိ ထားဖို့ လိုအပ် ပါသည်။

လက်

လက်ချောင်း လေးများ လှုပ်ရှားမှု ပြုလုပ် လာနိုင်ပြီး တစ်ရှုး များကို ဆွဲထုတ်ခြင်း၊ ရီမုဒ်နှင့် လက်ကိုင် တယ်လီ ဖုန်းများ ကို လျှောက်နှိပ် ခြင်းများ စတင် ပြုလုပ် လာမည်။

ဦးခေါင်း

အမေပြောသောစကားကိုလည်းတော်တော်လေးသိနား လည်လာသည်။အတုယူလာနိုင်ပြီး"မားမား""ဘူးဘူး"အ စရှိသဖြင့်လူကြီးတွေပြောတာကို ထပ်ခါထပ်ခါပြောလာ မည်။

အသားအရေ

လေးဘက် သွားလာပြီး သူ့၏ လှုပ်ရှား နိုင်မှု ပတ်ဝန်းကျင်

ကျယ်ပြန့် လာလျှင် အခန်း ထောင့်နှင့် စားပွဲ ခုံအောက် အစ ရှိသော နေရာ စုံကို လျှောက်သွား လာနိုင်မည်။ လူကြီး တွေ မမြင် နိုင်သော နေရာ များ၌ ဖုန်ထူထပ် နေပါမည်။ ကြမ်းပိုးနှင့် ဖုန်များက အသား အရေနှင့် ထိတွေ့ခြင်း၊ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် သည့်အ ခါ၌ ဓာတ်မ တည့်မှု ဖြစ်လာမည်။တဖန် လူကြီးအား ဘာမှ မဖြစ် စေသည့် ပစ္စည်းက ထိရှ လွယ်သော ကလေး ငယ်၏ အသား အရေ မှာတော့ အနီ အဖု အပိတ် များထွက် လာမည်။

ထို့ကြောင့် ကလေး ငယ်၏ လေးဘက် ထောက်သွား

သောအ မြင့်မှ ကြည့်သည့် အမြင်ဖြင့် အခန်း တွင်းကို နောက်တကြိမ် သေချာစွာ စစ်ဆေး ကြည့်ရ အောင်။

မိခင် နို့တိုက်ခြင်း၊ နို့ဗူး စို့ခြင်းနှင့် အစား ကျွေးခြင်း

မကြာမီ၌ သွားဖုံးဖြင့် ချေစားနိုင် လောက်သည့် အစား အစာကို စားနိုင် လာမည်။ ကိုယ်ကို တိုင်လည်း စားချင်စိတ် ဖြစ်လာပြီး အစ ပိုင်းတွင် သူ့လက်နှင့် ကိုင်၍ ပါးစပ်ထဲ ထည့်ဖို့ ကြိုးစားမည်။ ယခုက စ၍ တစ်နှစ် ကျော် အထိ သူ့လက် နှင့် ကိုင်ပြီး စားမှာ ဖြစ်သော ကြောင့် ခွင့်ပြု ပေးလိုက် ခြင်းဖြင့် ကလေးအား အစား စားချင် စိတ်ဖြစ် အောင် လုပ်ဆောင် ပေးလိုက်ရအောင်။ တကြိမ် စားသည့် ပမာ ဏလည်း တဖြေး ဖြေးမြင့်တက် လာ၍ လူကြီး တွေလိုမျိုး တနေ့ သုံးကြိမ်ထိ တိုးလာသည့် ကလေး လည်း ရှိလာမည်။ အမေ နို့ကို သောက်ချင်သည့် အချိန်၌ ကျေနပ် လောက်သည် အထိ တိုက်လိုက်ပါ။

ထို့ကြောင့် တခါ တလေ၌ ဇွန်းကို ကိုင်ခိုင်းပြီး စားသော အလေ့ အကျင့်ကို လုပ်ဆောင် ပေးလိုက် တာ ပိုကောင်း ပါသည်။

ရေချိုးခြင်း

လေးဘက် သွားလျှင် ခြေလက်နှင့် ဒူးခေါင်းများ ညစ်ပတ် မည်။ လေ့ကျင့် ခန်းလုပ် မှုလည်း မြင့်တက် လာပြီး ချွေး အများကြီး ထွက်လာ သောကြောင့် နေ့စဉ် ရေချိုးကန် ထဲ၌ လုံးဝ သန့်ရှင်း သွားအောင် ဆေးကြော ပေးပါ။ အသား အရေ ခြောက်သွေ့ မှုကို စိတ်ပူလျှင် ထိခိုက် လွယ်သော အသား အရေ ပိုင်ရှင်များ အတွက် ထုတ်လုပ် ထားသော ခေါင်းလျှော် ရည်နှင့် ဆပ်ပြာကို သုံးပေးပါ။ ရေချိုး ခန်းထဲ မှာလည်း လျှောက်သွား ချင်နေ သောကြောင့် ပါးစပ်ထဲ ဝင်လျှင် အန္တရာယ် ရှိသော အရာ များကို သူ မမှီ နိုင်သည့် နေရာ၌ တင်ထား ကြရအောင်။

ထို့ကြောင့် လျှင်မြန်စွာ ဆေးကြော နိုင်သည့် အမြှုပ်

အမျိုး အစား ဆပ်ပြာက အဆင် ပြေဆုံး ဖြစ်၏။

အင်္ကျီလဲပေးခြင်း

လှုပ်ရှားရ လွယ်ကူပြီး လဲလှယ်ရ လွယ်ကူသည့် ကျုံ့နိုင် ချဲ့နိုင်သော အဝတ် အထည်ကို ရွေးချယ်ပါ။ အပြင် ထွက်မလို့ ဆိုပြီး အထပ်ထပ် ဝတ်ပေးလျှင် လှုပ်ရှား ရခက် စေသော ကြောင့် ချမ်းသည့် ရာသီ ဥတု ၌လည်း တတ်နိုင် သလောက် ထူပြီး ဖောင်းမ နေပဲ လူကြီး တယောက် ဝတ်သည့် အဝတ် အစား အရေ အတွက်ထက် တထည် လျော့ပြီး ဝတ်ပေး ခြင်းက ကောင်း၏။ ထူထဲသည့် အဝတ် အစားထက် အဝတ် အစား ပါးပါးလေး များကို အထပ်ထပ်ဝတ်ပေးလျှင် ဝတ်ခြင်း ချွတ်ခြင်းဖြင့် ခန္ဓာကိုယ် အပူချိန် ထိန်းညှိဖို့ လွယ်ကူပုံ ရသည်။ အခန်း တွင်း၌ ခြေ မချော် အောင် တတ်နိုင် သလောက် ခြေအိတ် ဝတ်ပေး ထားရ အောင်။ အပေါ် အင်္ကျီ ဝတ်ပေးတာ ကောင်းမလား ဆိုသည့် တွေဝေ စေသည့် အပူချိန် မျိုးဆိုရင် မဝတ် ပေးတာက ပိုမှန် ပါသည်။ ကလေး ငယ်များသည် ထူထဲသည့် အရာ ထက် ပါးလွှာသည့် အဝတ် အစားကို ပိုကြိုက် ကြသည်။ ထို့ကြောင့် အပြင် ထွက်သည့် အခါ၌ အောက်ခံ အင်္ကျီနှင့် ရှပ်အင်္ကျီ လဲပေးဖို့ ယူသွားတာ ကောင်းပါ သည်။

ကလေးငယ်၏တနေ့တာ

နေ့လည်ပိုင်း အချိန် တော်တော်ကြာ နိုးနေပြီး နေ့ခင်းဘက် အိပ်တာ ၁~၂ ကြိမ် ဖြစ်လာမည်။ အဲ့ဒီ အစား ညဘက်ကို စုပြီး အိပ်သလို ဖြစ်လာမည်။ တဖန် အစား အစာကို စားသည့် အချိန်က ပုံမှန် သတ်မှတ်ချိန် အတိုင်း ဖြစ်လာ လျှင် ဝမ်းသွား ခြင်းနှင့် နေ့ခင်းဘက် အိပ်သည့် အချိန် လည်း တသတ် မှတ်ထဲ ဖြစ်၍ တနေ့တာ နေထိုင်မှု ဘဝက စည်းချက် ညီလာမည်။ အဖေ ပြန်လာ ချိန်ကို နောက်ကျ

တဲ့အထိ စောင့်နေလျှင် စည်းချက် မညီ တော့ပဲ ကောင်းမွန် သည့် အိပ်စက် ချိန်ကို မရ ယူနိုင် တော့ပါ။ ညဘက် အိပ်စက် နေသည့် အချိန်သည် ကြီးထွား မှုကို ဖြစ်စေ သည့် ဟိုမုန်းဓာတ် စိမ့်ထွက် လာသောကြောင့် အိပ်ရေး ဝဝ အိပ်စက် ခိုင်းပါ။

ထို့ကြောင့် စောစော အိပ် စောစောထ နိုင်သော ပတ်ဝန်းကျင် ဖန်တီး မှုအား အာရုံစိုက် ထားတာ ပိုကောင်း ပါသည်။

မကြာမီ!

လေးဘက် သွားရင်း တခု ခုကို ဆုပ်ကိုင် နိုင်လျှင် ကိုင်ပြီး ရပ်နိုင် ကောင်း ရပ်နိုင် လာမည်! မတ်တပ် ရပ်နိုင်မည့် နေ့လည်း နီးလာပြီ!

update : 19.09.2017

ကျွနုပ်တို့ရဲ့ favorites features ဟာသင့်ရဲ့ brouser cookies ကိုအသုံးပြုထားတာဖြစ်ပါတယ်။အကယ်၍သင့်ရဲ့ iPhone သို့မဟုတ် iPad မှာSafari ကိုသုံးထားတယ်ဆိုရင်သင့်ရဲ့ browsing Mode ကိုပိတ်လိုက်ပါ။အကယ်၍cookies ကိုဖျက်လိုက်မယ်ဆိုရင် သင်ရွေးထားတဲ့favorite ကိုလည်းဖျက်ပြီးသားဖြစ်သွားပါမယ်။

Share on