အိပ်စက်ခြင်းအဆင့်

အိပ်စက်ခြင်းအဆင့်

ကလေးက သူ့ရဲ့အချိန် တော်တော် များများကို အိပ်စက် ခြင်း၌ အသုံး ပြုနေ ပေမဲ့လည်း ခြေလက် တွေကို ယက်ကန် ယက်ကန် လုပ်ခြင်း၊ ကိုယ့်လက် ကိုယ်စိုက်

ကြည့်ခြင်း၊ အမျိုး မျိုးသော အရာ များကို တုံ့ပြန် တက်နေ ပါပြီ။
ဝမ်းကတော့ ပျော့စိစိ ဖြစ်နေ ဆဲပါပဲ။

ကြီးထွားလာခြင်း အကြမ်းဖျဉ်းဆိုဒ် ကိုယ်အလေးချိန် :4~8 kg

ခန္ဓာကိုယ်တခုလုံး

မိခင်နို့ နှင့် နို့မှုန့်ကို အများကြီး သောက်ပြီး ကလေး ပီပီ ဝဝ ကစ်ကစ် လုံးလုံးလေး ဖြစ်လာမည်။

မျက်လုံး

လှုပ်ရှား နေသော အရာ များကို မျက်လုံးနှင့် လိုက်ကြည့် နိုင်လာပြီး အမြင် အာရုံလည်း နည်းနည်း ချင်းကျယ် လာသည်။

လည်ပင်း

တဖြည်း ဖြည်းနှင့် လည်ပင်း ကြွက်သား များလည်း သန်မာ လာပြီး ကိုယ့်ခေါင်း ကိုလည်း ထောက်ပံ့ ပေးလာ နိုင်၍ လှုပ်ရှားမှု ကိုလည်း ထိန်းချုပ် လာနိုင်မည်။

လက်

ကိုယ့်လက်ကို ပါးစပ်ထဲ ထည့်ခြင်း၊ အရုပ်ကို ဆုပ်ကိုင် ခြင်းများ ပြုလုပ် လာနိုင်မည်။

ကျောနှင့်ခါး

ခြေလက်၊ လည်ပင်း အပါ အဝင် ကျောမှ ကြွက်သား များလည်း ဖွံ့ဖြိုး လာပြီး ဝမ်းလျား မှောက်ပေး လိုက်လျှင် လည်ပင်း သေချာ ထောင်နိုင် လာမည်။

နှလုံးသား

စိုက်ကြည့်ခြင်း၊ ချော့မြူလျှင် ပြုံးရီခြင်း အစ ရှိသော မျက်နှာ

အမူ အရာက တဟုန်ထိုး တိုးတက် လာပါသည်။

အသားအရေ

မွေးဖွားပြီး ၂လ အထိ ကတော့ မိခင် ဝမ်းဗိုက် ထဲက ရရှိ ခဲ့သော ဟော်မုန်းကြောင့် အဆီ ထွက်မှု များပြီး ကလေး၏ အရေ ပြားသည် တနည်း ပြောရလျှင် "အဆီ ပြန်ခြင်း"။ ဒါပျောက် သွားသည့် အချိန်၌ "ခြောက်သွေ့သော အသား အရေ" ဖြစ်လာသည်။ အရေပြား ပါးလွှာသည့် အတွက် ရေဓာတ် ထိန်းသိမ်း ဖို့ရန် ခက်ခဲပြီး ဒဏ်ရာ ရလွယ်သည့် နူးညံ့သော အသား အရေ၊ ပမာဏ များသော ချွေး၊ နို့၊ သွားရည် အစ ရှိသည့် အညစ် အကြေး များက ခန္ဓာ ကိုယ်ပေါ်၌ ကျန်ရှိ နေလျှင် ချက်ချင်း နီလာခြင်း၊ အဖုပိန့် ထွက်ခြင်း၊ ချွေးပူ လောင်ခြင်း၊ ဝဲနှင်းခူ လိုမျိုး ဖြစ်ခြင်းနှင့်

အသား အရေ ကြမ်းတမ်း မှုကို ဖြစ်စေသည်။

ထို့ကြောင့် သန့်ရှင်းစွာ ဆေးကြောပြီး သေချာ အစိုဓာတ် မထိန်း သိမ်းရင် မရ ပါဘူး။

မိခင်နို့တိုက်ခြင်း၊နို့ဗူးစို့ခြင်း

မိခင်နှင့် အသက် ရှုခြင်းလည်း တထပ်တည်း ဖြစ်လာမည်။ နို့သောက် ပုံလည်း တော်လာမည်။ နို့တိုက် သည့် အချိန်လည်း

တဖြည်း ဖြည်းမှန် လာပြီး ၃~၄ နာရီ ခြားစီ ဖြစ်လာ၍ တကြိမ်

သောက်သည့် ပမာ ဏလည်း များလာမည်။ တဖန် တကြိမ်မှာ

သောက်တဲ့ ပမာဏ များလာ တာကို စိတ်ပူသည့် အမေလည်း ရှိကောင်း ရှိနိုင် ပေမဲ့ ကိုယ်အ လေးချိန် မြင့်လာလျှင် ဘာပြ ဿနာမှ မရှိပါ။

သို့သော်လည်း နို့ကို ငုံထားပြီး ဆော့နေ ခြင်းကို ထပ်ခါ ထပ်ခါ

လုပ်နေလျှင် တကြိမ် နို့တိုက် ချိန်ကို မိနစ် ၂၀လောက် ထား၍ နောက် တကြိမ် နို့တိုက် ချိန်ထိ အစာ ခံထား ကြည့်ရ အောင်။ ထိုသို့သော နို့သောက် ပုံသောက် နည်းဖြင့် နို့တိုက်ခြင်း ကိုစည်းဝါး ကျသွား စေသည်။

ရေချိုးခြင်း

မွေးပြီး ၁လ ကြာလျှင် ကလေး ရေချိုး ကန်၌ ရေချိုး ခြင်းအား

သင်တန်း ဆင်းလို့ ရပါပြီ။ အမေ၊ အဖေနှင့် ရေချိုး ဘေစင်ထဲ

အတူ တူဝင် နိုင်မည်။ အင်္ကျီ လဲခန်းနှင့် ရေချိုးခန်း တဝိုက် အပူ ချိန်နိမ့် လွန်းလျှင်၊ ရေနွေးပူ လွန်းလျှင် ငိုခြင်း၊ ကျယ်ဝန်းသည့် ရေချိုး ကန်ထဲ၌ အသား မကျ သေးပဲ စိတ်မ အေးပဲ စိုးရိမ် ပူပန်သော ကလေး လည်းရှိ၏။ အဲ့ဒီလို အချိန်မှာ ကြင်နာ စွာဖြင့် ထွေးပွေ့ ပေးပါ။ ခေါင်းနှင့် လည်ပင်း မခိုင် သေးခင် အတွင်း ကတော့ အမေရဲ့ ဒူးပေါ် (သို့) ဖျာပေါ် တွင်ထားပြီး ချိုးပေးပါ။ နား အနောက် ပိုင်းနှင့် လည်ပင်း၊ ချိုင်းအောက်၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ် နေရာ အစ ရှိသော လျှပ်တပြတ် ကြည့်ရုံနှင့် မသိ နိုင်သည့် နေရာ တွေ၌လည်း ချွေး အစ ရှိသည်တို့ ညစ်ပတ် နေသောကြောင့် သန့်ရှင်းအောင် ဆေးကြော ပေးရအောင်။

ထို့ကြောင့် ရေမ ချိုးခင် ရေချိုးခန်း အပူ ချိန်နှင့် ရေနွေး

အပူ ချိန်ကို စစ်ဆေး ထားပြီး ညှိထား ရအောင်။

အင်္ကျီလဲပေးခြင်း

ကလေး ဆိုတာ လှုပ်ရှားမှု များသောကြောင့် အပူဒဏ် မခံ နိုင်ပဲ၊ အအေး ဒဏ်တော့ ခံနိုင် ပါသည်။ "နည်းနည်း အေးနေ မလား" လို့ ထင်လျှင် ဒီအအေး ကအ သင့်တော် ဆုံးပါပဲ။ အိပ်နေသော ကလေး သည် တဖြေး ဖြေးနှင့် ခြေလက် လှုပ်ရှား နေသောကြောင့် အောက်ခံ အင်္ကျီနှင့် အဝတ် အစား များရဲ့ ဗိုက် နေရာနှင့် အောက်ခြေ အနား များကျယ် ကုန်မည်။ အပေါ် အောက် ဆက်နေပြီး ခြေထောက် ပဲထွက် နေသည့် အဝတ်က

အဆင် ပြေဆုံး ဖြစ်၏။ လက်ကိုလည်း အင်္ကျီ လက်ပေါက် ကနေ သေချာ ထုတ်နိုင်သည့် အရာက ကောင်းသည်။ စောင်ထဲ မှာဆို ရင်တော့ အောက်ခံ အင်္ကျီ တခု ထဲပဲလည်း ရသည်။ နို့သောက် ပြီးနောက်နှင့် ငိုပြီး နောက်များ၌ ချွေး အများကြီး ထွက်ပါသည်။ ကျောကို လက်ထည့် ကြည့်၍ ချွေးစို နေလျှင် အအေး မမိအောင် အင်္ကျီလဲ ပေးပါ။

ထို့ကြောင့် အလွန် အကျွန် မဝတ် ပေးဖို့ရန် သတိ မထား

ရင်မရ ပါဘူး။

ကလေးငယ်၏တနေ့တာ

နို့တိုက်တာ စည်းချက် ညီလာပြီ ဆိုလျှင် တခါ တည်းနှင့် အိပ်နိုင် လာပြီး အိပ်ချိန် ရှည်လာမည်။ ခေါင်းထောင် နိုင်လာ လျှင် ချီပြီး တော့ပဲ ဖြစ်ဖြစ်၊ baby car နဲ့ပဲ ဖြစ်ဖြစ် အပြင်ကို လမ်းလျှောက် ခေါ်သွား၍ သဘာဝ တရားနှင့် ထိတွေ့ခွင့် ပေးလိုက်ပါ။ နေရဲ့ အလင်းရောင်၊ လေ၊ သစ်ပင် ရနံ့ အစ ရှိသော သဘာ ဝနှင့် ထိတွေ့ လိုက်ခြင်းသည် စိတ် လှုပ်ရှား စေသည်။ ဒါပေမဲ့လည်း အဲ့ဒီ လောက်ထိ ကိုယ်ခံ အားနှင့် ခုခံအား မရှိ သောကြောင့် လူများတဲ့ နေရာကို ရှောင်ပြီး အချိန် ခဏပဲ နေရအောင်။ baby car နေကာ၊ ဦးထုပ်၊ အမေရဲ့ နေလောင် ကာထီးဖြင့် ကာကွယ် ဖို့ရန်လည်း မမေ့ ပါနှင့်။

ထို့ကြောင့် အစ ပိုင်း၌ အိမ်နှင့် နီးနီး နားနားပဲ သွားပြီး

အလွန် အကျွံ့မလုပ်ပဲ ပျော်ပျော် ပါးပါး လမ်းလျှောက် ကြပါ။

မကြာမီ!

လည်ပင်း လှုပ်ရှား နိုင်၍ အိပ်ရက်နှင့် ခန္ဓာကိုယ် လားရာကို

ပြောင်းနိုင်လျှင် ထိုင်နိုင်မည့် ရက်လည်း မဝေးတော့ ပါဘူး။

update : 19.09.2017

ကျွနုပ်တို့ရဲ့ favorites features ဟာသင့်ရဲ့ brouser cookies ကိုအသုံးပြုထားတာဖြစ်ပါတယ်။အကယ်၍သင့်ရဲ့ iPhone သို့မဟုတ် iPad မှာSafari ကိုသုံးထားတယ်ဆိုရင်သင့်ရဲ့ browsing Mode ကိုပိတ်လိုက်ပါ။အကယ်၍cookies ကိုဖျက်လိုက်မယ်ဆိုရင် သင်ရွေးထားတဲ့favorite ကိုလည်းဖျက်ပြီးသားဖြစ်သွားပါမယ်။

Share on