မတ်တပ်ရပ် လမ်းလျှောက်ခြင်း အဆင့်

မတ်တပ်ရပ် လမ်းလျှောက်ခြင်း အဆင့်

လမ်းပတ်လျှောက် နေတာတောင် တင်ပါးက ကြီးနေပြီး လှုပ်ရှား ရခက် နေပုံ ရ၏။

လမ်းလျှောက် လာနိုင်လျှင် ချွေး အများကြီး ထွက်လာမည်။

ကြီးထွားလာခြင်း အကြမ်းဖျဉ်းဆိုဒ် ကိုယ်အလေးချိန် :9~17 kg

ကိုယ်ခန္ဓာ

ဝဝ ကစ်ကစ် နို့စို့ ကလေး ဆိုတဲ့ ကိုယ်ခန္ဓာ ကနေ ကျစ်လစ် သွယ်လျသော ကလေး ငယ်၏ ခန္ဓာကိုယ် ဖြစ်လာမည်။

ခြေထောက်

အောက်ဘက်သို့ တည့်မတ်စွာ ရှည်ထွက် လာပြီး တဖြည်း ဖြည်းနှင့် ခြေလှမ်း လှမ်းခြင်းက ချောမွေ့ လာမည်။

လှေကား လက်တန်းကို ကိုင်ခြင်း၊ သူ့လက်ကို ကိုင်ပေး ရင်းနှင့်

တလှမ်း ချင်းစီ လှမ်းပြီး တက်နိုင် လာမည်။

လက်

ဘောလုံး ပစ်တာတို့ ဖမ်းတာတို့ လုပ်နိုင် လာမည်။

ဇွန်းနှင့် စားတာလည်း တော်လာမည်။

မျက်လုံး

အသက် ၁နှစ် ကျော်က တည်းက ရုတ်တရက် အမြင် အာရုံ ကောင်းလာ မည်။

ဦးခေါင်း

မွှေးပွ ရုပ်ကို ထမင်း ကျွေးခြင်း၊ အတုံးလေး များကို ကားလို လုပ်ဆော့ခြင်း၊ အတု ခိုးခြင်း၊ ကြည့်၍ ရွေးချယ် ကစားခြင်း တို့လုပ် ဆောင်နိုင် လာမည်။

အသားအရေ

ကိုယ့်ဘာ သာကိုယ် လမ်းလျှောက် လာနိုင်လျှင် ပန်းခြံ

သွားခြင်းနှင့် လမ်းလျှောက် ထွက်ခြင်း စသည်ဖြင့် အပြင် ထွက်ချင် လာပြီး အပြင်မှာ ရှိသည့် အချိန်က ပိုများ လာသော

ကြောင့် ကလေး တွန်းလှည်းရဲ့ နေပူကာ၊ ဦးထုပ်၊ ထို့ပြင် UV

ကာကွယ်ဆေး တို့ကို မမေ့ ပါနှင့်။ ကလေးသုံး UV လိုးရှင်း၊ ခရင် တို့ကို သုတ်လိမ်း ပြီးမှ အပြင် ထွက်သည့် ဓလေ့ကို.. တဖန် နွေရာ သီ၌ ဆော့ကစား တာကို အာရုံ စိုက်နေလျှင် အပူ ရှပ်ပြီး ဖျားလိမ့်မည်။ ရေဓာတ် ဖြည့်ဖို့ ရန်လည်း မမေ့

ပါနှင့်။

ထို့ကြောင့် အပြင် ထွက်လျှင် သုံးသည့် လိုအပ်သော ပစ္စည်း အစုံ လိုက်ကို စုစည်း ထားတာ ကောင်းပါသည်။

မိခင် နို့တိုက်ခြင်း၊ နို့ဗူး စို့ခြင်းနှင့် အစား ကျွေးခြင်း

ဖည့်စွက် အစာ ကျွေးခြင်း ပြီးဆုံး၍ ထမင်းပြောင်း ကျွေးလျှင်

တနေ့ တကြိမ် သတ်မှတ် ထားသော အချိန်၌ သားရေစာ ကျွေးပါ။ ထမင်းစား ချိန်မှာ သိပ်မ စားလျှင် မနက် ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ကျွေးလည်း ရပါသည်။ သစ်သီး၊ ဒိန်ချဉ်၊ ကန်စွန်းဥ အစ ရှိသည့် အဟာ ရဓာတ် မျှတ မှုကို စဉ်းစားပြီး အများကြီး မပေး ပါနှင့်။ တဖန် အရသာ ပြင်းသည့် အစား အစာတွင် အသား မကျ သေးသောကြောင့် ပုံမှန် သားရေစာ မဟုတ်ပဲ အိမ်မှာ လုပ်သော မုန့်နှင့် ကလေး သီးသန့် ထုတ်ထားသည့် သားရေစာ ကသာ အကောင်းဆုံး ဖြစ်၏။ ထို့ကြောင့် ထမင်း စားခြင်း၊ သားရေစာ စားခြင်း၌ ဆားဓာတ်နှင့် သကြားဓာတ် အစား မလွန်အောင် သတိ ထားကြပါ။

ရေချိုးခြင်း

လှုပ်ရှားမှု ပိုပို များလာပြီး အိမ်ထဲ မှာပဲ ဖြစ်ဖြစ် အပြင် မှာပဲ ဖြစ်ဖြစ် ဟိုဟာ ကိုင်ကြည့် ဒီဟာ ကိုင်ကြည့်ခြင်း၊ ချော်လဲခြင်း

ဖစ်မည်။ နွေရာသီ ဆိုရင် အပြင်က ပြန်လာလျှင် ရေချိုးပြီး ချွေးနှင့် ညစ်ပေ နေမှုကို ဆေးချ လိုက်ပါ။ ရေဆော့ ကစား ခြင်းကိုလည်း သဘော ကျလာ သောကြောင့် ရေချိုး ကန်က

ကစားကွင်း ဖြစ်လာမည်။ သူ သဘော ကျသည့် ကစား စရာ နှင့် ကစား နေစဉ် အတွင်းမှာ ရေအမြန် ချိုးပေး လိုက်ပါ။ လမ်းလျှောက် လာနိုင်လျှင် တယောက်ထဲ ရေချိုး ခန်းတွင်း ဝင်ပြီး ရေချိုး ကန်ထဲ ပြုတ်ကျ နိုင်သော အန္တရာယ် ရှိ၏။ နေ့လည် ဘက်၌ ရေနွေး ထုတ်ထားပြီး ရေချိုး ဘေစင် အဖုံးနှင့် ရေချိုးခန်း တံခါးကို သေချာစွာ ပိတ်ထား ရအောင်။ ထို့ကြောင့် ပြုတ်ကျ ခြင်းကို ကာကွယ်သည့် ကပ်ခွာ နှင့် ဖျာ အစ ရှိသည့် ဘေးကင်း စေသည့် ပစ္စည်း များကို အသုံးပြု ကြရအောင်။

အင်္ကျီလဲပေးခြင်း

အပြင် ထွက်သည့် အခါ ပေါ့ပါးသော အဝတ် အစားကို ဝတ်ပေး ခြင်းက အခြေခံ သဘော တရား ဖြစ်၏။ လူကြီး တွေလို ဝတ်ပေးရင် ပူပြီး ချွေး အများကြီး ထွက်လာမည်။ လေပူ လေအေး ပေးစက် အသုံး ပြုသည့် ရာသီ၌ ခန္ဓာကိုယ် အပူ ချိန်ကို ထိန်းညှိ နိုင်အောင် ပေါ့ပါးသော ရင်ကွဲ သိုးမွေး အင်္ကျီ၊ ခေါင်းစွပ် ဂျာကင် ရှိလျှင် အဆင် အပြေဆုံး ဖြစ်၏။ နွေရာ သီ၌ အပြင်ကို လမ်းလျှောက် သည့်အခါ အပူ ရှပ်မှုကို ကာကွယ်ရန် ဦးထုပ် ဆောင်းဖို့ မမေ့ ပါနှင့်။

ထို့ကြောင့် အပြင် ထွက်သည့် အခါ၌ အောက်ခံ အဝတ် အစားနှင့် တီရှပ် လဲဖို့ကို ယူသွားရင် အကောင်းဆုံး ဖြစ်၏။

ကလေးငယ်၏တနေ့တာ

နေ့ခင်း အိပ်ချိန်နှင့် အကြိမ် အရေ အတွက် နည်းလာပြီး

ညအိပ်ချိန် နည်းနည်း ရှည်သွားမည်။ နိုးနေချိန် အတွင်း ကလေးသည် တီဗွီ ကြည့်ရ တာကို အရမ်း သဘောကျသည်။ ဒါပေမဲ့ "ငြိမ်ငြိမ်လေး နေလို့" ဆိုပြီး တီဗွီ တောက်လျှောက် ဖွင့်ထားလျှင် ခန္ဓာ ကိုယ်လည်း မလှုပ်ရှား တော့ပဲ မျက်လုံးလဲ ညောင်းလာမည်။ သင့်တော် သလောက်ပဲကြည့်ခိုင်း၍ တီဗွီ ပိတ်ပြီး အပြင်၌ ဆော့ကစား ခိုင်းချိန်၊ အမေနှင့် အတူ ကာတွန်း စာအုပ် ကြည့်ချိန် ဆိုပြီး

ပိုင်းခြား၍ မျှတမှုရှိအောင်လုပ်ဆောင် ပေးရအောင်။

ထို့ကြောင့် တနေ့ တကြိမ်တော့ အပြင်၌ ခန္ဓာကိုယ် လှုပ်ရှားမှု လုပ်စေ ချင်ပါသည်။

update : 19.09.2017

ကျွနုပ်တို့ရဲ့ favorites features ဟာသင့်ရဲ့ brouser cookies ကိုအသုံးပြုထားတာဖြစ်ပါတယ်။အကယ်၍သင့်ရဲ့ iPhone သို့မဟုတ် iPad မှာSafari ကိုသုံးထားတယ်ဆိုရင်သင့်ရဲ့ browsing Mode ကိုပိတ်လိုက်ပါ။အကယ်၍cookies ကိုဖျက်လိုက်မယ်ဆိုရင် သင်ရွေးထားတဲ့favorite ကိုလည်းဖျက်ပြီးသားဖြစ်သွားပါမယ်။

Share on