ပိုမိုကြီးထွားလာသောအဆင

ပိုမိုကြီးထွားလာသောအဆင

ခန္ဓာကိုယ် ကြီးထွား လာလျှင် ဆီး ပမာ ဏလည်း များလာမည်။

ခန္ဓာကိုယ် ကြီးထွား လာလျှင် ခြေထောက် တဝိုက်၌ သားရေကြိုး အရာ ကျန်မည်။

ကီးထွားလာခြင်း အကြမ်းဖျဉ်းဆိုဒ် ကိုယ်အလေးချိန် :13~35 kg

ကိုယ်ခန္ဓာ

လျှင်မြန်စွာ ကလေးကြီး ပုံစံ ဖြစ်လာပြီး ခန္ဓာကိုယ် သွယ်လှ လာပြီး ကြွက်သားလည်း ဖွံ့ဖြိုး လာမည်။

ခြေထောက်

တဖြေး ဖြေးနှင့် လမ်းလျှောက် တာလည်း မြန်လာပြီး ပြေးခြင်း၊ ခုန်ခြင်း များလည်း လုပ်နိုင် လာမည်။

လက်

ကာတွန်း စာအုပ်များ ကိုယ်တိုင် လှန်ကြည့် လာနိုင်ခြင်း၊

သစ်သား တုံးလေး များကို စီထပ် လာနိုင်ခြင်း၊ နူးညံ့သော လှုပ်ရှားမှု များကိုလည်း ပြုလုပ် လာနိုင်မည်။

နှလုံးသား

ဘာပဲ ဖြစ်ဖြစ် ကိုယ်က စပြီး လုပ်မည် ဆိုသည့် ""ဦးဆောင် လုပ်ဆောင် နိုင်သည့် စွမ်းရည်"" နှင့် ကိုယ်ကိုတိုင် လုပ်ချင် သည့် ""ကိုယ့်အား ကိုယ်ကိုး သည့်စိတ် ""ကြီးထွား လာပြီး အမေ၏ ကူညီ ပေးမှု ကိုလည်း မကြိုက် ဘူးလို့ ပြန်ပြော လာမည်။

အသားအရေ

အိမ်ထဲ မှာပဲ ဖြစ်ဖြစ် ပန်းခြံ ထဲမှာပဲ ဖြစ်ဖြစ် ကစားသည့် အချိန်၌ သူ စိတ်ဝင် စားသည့် အရာ ဘာမ ဆိုကို လက်နှင့် ကိုင်ကြည့် မှုများ လုပ်လာမည်။ အိမ်ပြန် ရောက်လျှင် လက်ကို သေချာစွာ ဆေးကြော ပေးပါ။ အပြင် ထွက်တိုင်း သွားသည့် နေရာ တိုင်းကို ပိုးသတ် ထားသည့် အဝတ် တစ်ရှုးကို ယူသွား တာက စိတ်အေး ရပါသည်။

ထို့ကြောင့် "လက်ဆေး ကြရအောင်" လို့ တိုက်တွန်းပြီး လက်ဆေးသည့် အကျင့်ကို ပြုလုပ် ပေးကြ ရအောင်။

ထမင်းစားခြင်း

ကလေး စားသည့် ဖြည့်စွက်စာ ဆက်လက် စားရင်းနှင့် ဟင်းခတ် အမွှေး အကြိုင် များသည့် အစာ၊ အရသာ ပြင်းသည့် အစား အစာမှ လွဲ၍ လူကြီးနှင့် တန်းတူ စားနိုင် လာမည်။ ဒါပေမဲ့ ထမင်း စားပွဲ၌ တည်ငြိမ်စွာ မထိုင်ပဲ ချက်ချင်း စိတ်ပြန့် လွင့်ပြီး ထဆော့ ခြင်းတို့ ပြုလုပ် ပါမည်။ အစား အစာရဲ့ ကြိုက်ခြင်း မကြိုက်ခြင်း အရသာ ၏ အကြိုက်လည်း တဖြည်း ဖြည်းနှင့် ပြတ်သားစွာ သိလာသော ကြောင့် အမျိုး မျိုးသော အစား အစာ များကို တတ်နိုင် သ၍ အရသာ ပေါ့ပေါ့ ပြုလုပ်ပြီး စားခိုင်းပါ။

ထို့ကြောင့် ကလေး ထမင်းစား ချိန်၌ သိပ်ပြီး စိတ်သောက မပေးပဲ စိတ်ပေါ့ပေါ့ ပါးပါး ဖြစ်အောင် ပြင်ဆင် ပေးကြ ရအောင်။

ရေချိုးခြင်း

မျက်နှာ သစ်ခြင်း နှင့် ခေါင်းလျှော် ခြင်းကို မနှစ် သက်သော ကလေးလည်း မနည်း ပါဘူး။ တိရိစ္ဆာန် ပုံစံ ရှိသော ဂျီးတွန်း ဖော့၊ ရေချိုး ခန်းသုံး လက်အိတ်နှင့် အရုပ် တို့ကို အသုံး ပြုပြီး ပျော်ရွှင်စွာ ရေချိုး ပေးလို့ ရအောင် စဉ်းစား ကြည့်ပါ။ ဒီလိုမျိုး ကြောက်ရွံ့စိတ်၊ ဆန့်ကျင်စိတ် တွေသည် ခဏတာ ဖြစ်ပြီး ဒီအခြေ အနေ ကနေ ကျိန်းသေပေါက် ကျော်လွှား နိုင်မှာ ဖြစ်သောကြောင့် အမေ ကလည်း ခဏတာ သည်းခံ ပြီး ဆက်ဆံ ပေးလိုက်ပါ။

ထို့ကြောင့် အဖေရဲ့အကူ အညီကို ရယူပြီး ကလေး၏

စိတ်ခံ စားချက်နှင့် ရေချိုးပုံ ချိုးနည်းကို ပြောင်းကြည့်

တာလည်း ကောင်းပါ သည်။

အင်္ကျီလဲပေးခြင်း

ဖက်ရှင်ပိုင်း မှာလည်း ဒီဇိုင်း အမျိုး မျိုးဖြင့် ပိုပြီး ပျော်ရွှင် လာမည်။ ၂နှစ် လောက် ရောက်လာလျှင် အထူး သဖြင့် မိန်းကလေး များသည် ကိုယ်ကြိုက်သည့် အဝတ် အစားကို သေသေ ချာချာ သိလာမည်။ အမြဲတမ်း ခေါင်းမာ စွာဖြင့် ကိုယ်ကြိုက်သည့် အဝတ်ပဲ ဝတ်ချင်သည့် ကလေးလည်း ရှိသည်။

ထို့ကြောင့် အမေက ကလေးရဲ့ ကိုယ်ကိုကိုယ် ဦးဆောင်မှု ဆိုသည့် စွမ်းရည်ကို လေးစား မှုပြပြီး ""ဒါလေး လဲလှတယ် ဝတ်ပြ ပါလား"" ဆိုပြီး နူးညံ့စွာ ပြောဆို ကြည့်ပါ။

ကလေးငယ်၏တနေ့တာ

အိပ်စက် ချိန်နှင့် နေ့ခင်းဘက် အိပ်ချိန် တို့သည် ကလေး ပေါ်မူ တည်ပြီး အမျိုးမျိုး ရှိ၏။ အဲ့ဒီ မှာမှ နေ့တိုင်း လိုလို ညဆို မအိပ်ပဲ နိုးနေသည့် ကလေးလည်း ရှိ၏။ ထို့ကြောင့် နေ့လည် အိပ်ခြင်းကို ရှောင်ရှားပြီး အပြင် ထွက်ဆော့ ချိန်တိုး လိုက်ပြီး စောစောအိပ် စောစော ထသည့် အကျင့်ကို လုပ်ပေးပါ။ တဖန် အားကစား ၌လည်း စိတ်ဝင်စားသည့် စိတ်မြင့် တက်လာ၍ ပြုတ်ကျခြင်း၊ တခု ခုကို မျိုချ မိခြင်း အစ ရှိသဖြင့် ဒီထက် ပိုဆိုးသော အန္တရာယ် များလည်း များလာ နိုင်သည်။ ကိုယ့်အိမ် အိပ်ခန်း၊ အမြဲ သွားနေကျ ပန်းခြံ များကိုလည်း ထပ်မံ၍ လုံခြုံ စိတ်ချ ရမှုကို စစ်ကြည့် ရအောင်။

ထို့ကြောင့် ကလေး၏ မြင်ကွင်းမှ ကြည့်၍ သူသွား လာ လှုပ်ရှား မှုရှိသည့် နေရာ တွေရဲ့ အန္တရာယ် ရှိနိုင်သော နေရာနှင့် အရာ ဝတ္ထု များကို စစ်ဆေးပြီး

ရှောင်ရှား နိုင်အောင် သတိ ထားပါ။

update : 19.09.2017

ကျွနုပ်တို့ရဲ့ favorites features ဟာသင့်ရဲ့ brouser cookies ကိုအသုံးပြုထားတာဖြစ်ပါတယ်။အကယ်၍သင့်ရဲ့ iPhone သို့မဟုတ် iPad မှာSafari ကိုသုံးထားတယ်ဆိုရင်သင့်ရဲ့ browsing Mode ကိုပိတ်လိုက်ပါ။အကယ်၍cookies ကိုဖျက်လိုက်မယ်ဆိုရင် သင်ရွေးထားတဲ့favorite ကိုလည်းဖျက်ပြီးသားဖြစ်သွားပါမယ်။

Share on